Iphone ရောဂါဟာ အခုမှ မဟုတ်ပါဘူး၊ Iphone မပေါခင် Ipod စပေါက်ပြီး Ipod ဒုတိယ က နေ တစ်တိယ ဂျာနေရေးရှင်း လောက် ရောက် ကတည်းက နိုင်ငံတကာမှာ ရှိပါတယ်။ မြန်မာပြည်ကိုတော့ Ipodရောဂါ ဟာ ၂၀၀၆ အကုန်ခန်နီး မှ ၂၀၀၇ လောက်မှရန်ကုန်ကို ရောက်လာကိုတွေ့ရပါသည်။ဒါတောင် video Ipod တို့ အခု apple ကခေါ် နေနဲ့ ipod classic တို့မဟုတ်ပါဘူး၊ Ipod nano တွေအများစု ဖြစ်တာကို တွေ့ရပါတယ်။ ပိုက်ဆံ ရှိ တဲ့ လူ တွေတော်တော်များများအပြင် ရှိစုမတ်စုတွေလည်း nano ကိုfashion statementအခေါ် ဖက်ရှင်အသုံးအဆာင်လိုမျိုးစသုံးလာတာတော်တော်တွေ့နေရပါပြီ။videoipodကို သုံးတာကိုတော့၂ယောက်၃ယောက်လောက်ပဲတွေ့ဖူးပါတယ်။ဆိုင်တွေမှာလည်းNanoလောက်ပဲရောင်းတာပါပဲ၊ ipod ကရောက်တာ ၄ နှစ် ၅ နှစ် ကြာပေမဲ့ Iphoneကတော့ ၄ ၅လတောင် မကြာပဲရန်ကုန်ရောက်လာတာကိုရန်ကုန်မြို့ထဲ မှာတွေ့ရပါတယ်။
အမေရိကားမှာ ipone က june julyလောက်က ထွက်တာကို November လောက် မှာ ကျွန့်တော် ညီက ဆိုင်တစ်ဆိုင်မှာ သဌေး တယောက် က သူ့မယားငယ်ကို လက်ဆောင်အဖြစ်ပေးနေတာကို တွေ့ရပါတယ်။ ကျွန်တော် ဒီမှာ အဓိကပြောချင်တာကအဲ့ဒီမယားငယ်လိုလူမျိုးကမြန်မာပြည်မှာIphoneကိုဘယ်လိုနေရာသုံး မှာလဲဆိုတာကိုအင်မတန်မှသိချင်ပါတယ်။ (ကျွန်တော်မယားငယ်တွေဆော်ကားတာမဟုတ်ပါဘူးဖြစ်နိုင်ရင်တစ်ယောက်လောက်တောင်လိုချင်ပါတေးတယ်၊ ခက်တာက ကျွန်တော်က တတ်နိုင်တာက အမေရိကန်အကြွးစနစ် သူတို့ကလိုချင်တာကလက်ငင်း၊ထားလိုက်ပါတော့လေ၊) Iphone ဆိုတာ လိုမျိုးကကျွန်တော်နားလည်တတ်လောက် က smart phone ပေါ့ ဖုန်းဆက်မယ်၊အီးမေးစစ်မယ်၊ GPS သုံးပြီးလမ်းရှာမယ်၊ SMS text massageတွေပို့မယ်၊ အင်တာနက်သုံးပြီး အင်တာနက်နဲ့ ချိတ်စက်ထားတဲ့ applets လိုမျိုး applications အသေးစားလေးတွေသုံးမယ်ပြီး သီချင်းနားထောင်မယ်ပေါ့ဗျာ။ iphone ကိုရောင်းစားကထဲက ဖုန်းထက် စာ ရင် ဖုန်းကုမ္ဘီက အင်တာနက် services ရောင်းစားချင်လို့ဖြစ်လာတာပါ၊ဥပနာ ပေးရရင် ipod နဲ့iphone ဟာapple companyအ တွက်အရှုံးမရှိဘူးဆိုပေမဲ့အမြတ်လည်းမရှိပါဘူး၊အ ရင်းတဘာလောက် နဲ့ရောင်းပြီး သူ့တို့itune website ကနေ mp3 သီချင်းတို့ ၊ဇတ်လမ်းအတိုရုပ်ရှင် တို့ ၊games တို့ အစစ တို့ ကိုပြန်ရောင်းပြီး အမြတ်ယူတာပါ။Videoကြည့်စက်လိုစက်ကို စက်ကြည့်ရုံပဲဝယ်တာမဟုတ်ပါဘူး video ကားကြည့်ဖို့ဝယ်တာပါ၊ videoကားမှဝယ်မကြည့် ရင် videoကြည့်စက်ရဲ့ ၀ယ်ထားရတဲ့တန်ဖိုးလဲမရှိတာ့ပါဘူး။
ကျွန်တော်ဒီစရောက်တော့ အစ်မ iphone သုံးတော့ တောင်းကိုင်ကြည့်ပါတယ်၊အင်မတန်ကလိလို့ကောင်းပါတယ် ဒါပေမဲ့ အင်တာနက်ပြတ်သွားရင်တော့ သီချင်းနဲ့သွင်းထားနဲ့ ရှပ်ရှင်လောက်ပဲကြည့်လို့ရမာပါ။ အဲဒါလေးအတွက်နဲ့ ရန်ကုန် မှာ ၅သိန်း
ကနေ ၁၀သိန်းလောက် ပေးရတာပိုက်ဆံတွေ သစ်ပင်ပေါ်ကသီးတောင်မတန်ပါဘူး။ ထူးထူးဆန်းဆန်းနဲ့ လေဆိပ် မှာနဲ့ လက်ဖက်ရည်ဆိုင်မှာ iphone သုံးတဲ့ စစ်ဘက်ဆိုင်ရာ အရှိတွေကိုတွေ့လို့တောင် ကြည့်လိုက်မိသေးတယ်၊ဘယ်သူ့ပိုက်ဆံ နဲ့သုံးနေသလဲဆိုတာကို ပြောစရာမလိုပေမယ့်၊ဒီဆောက်ရှုးတွေက လက်လေးနဲ့ ထိလို့ရတာကလွဲရင် မြန်မာပြည်မှာဘာမှသုံးလို့မ ရဘူးဆိုတာကို သိကောသိကြရဲ့လားမသိဘူး။
အခုလည်း iphone 3G ပေါလို့ စိုပြီးမြန်မာပြည်ကနေ လူကြုံရှိတိုင်း iphone 3G မှာနေတာ တွေတွေ့နေရပါတယ်၊ မှာသုံးနေတဲ့ဆောက်ရှုးတွေကနားကောလည်ကြရဲ့လားမသိဘူး 3G ဆိုတာ data+voice trasnsfer လေလှိုင်း (frequency)ဖြစ်ပြီးသူ့ဘာသူ အမေရိကန်မှာဘယ်လောက်ပဲမြန်မြန် မြန်မာပြည် ကGSMနဲ့ဘယ်မှမဆိုင်ဘူးဆိုကို သိကောသိရဲ့လားမသိဘူးပြီးရင်မြန်မာပြည်က GSM က 200kHz ဖြစ်တဲ့နိုင်ငံတကာ အဆင့်အတန်းတောင်မရှိတာ 3Gက 5MHzဆိုတော့ ၂၀၀ မပြည့်ချင်တဲ့ကောင်က ၅ထောင်လောက် ရှိတဲ့အကောင်တွက်ထွက်ထားပစ္စည်းကိုဘယ်လိုလုပ်သုံးမှာလဲ? ဘောင်းဘီ size ၂၀ လောက် ၀တ်တဲ့ကလေး က လူဝကြီး ၀တ် size၄၀လောက် ကို ၀တ်ပြီးလမ်းထွက် လျှောက်သလို ဖြစ်မှာပေါ့၊ ပြောတော့ ဈေးပိုပေါလို့နဲ့၊ ပေါမှာပေါ့ဖုန်းရောင်းတာမှမဟုတ်ပဲ ဖုန်းနဲ့ပတ်တတ်နဲ့ဝန်ဆောင်မှုရောင်းစားတာကိုး။ ဒီမှာတောင် ၀ယ်ပြီး သူ့ဆိုင် သူ့ကုမ္ဘီမှာ တောင် activated လုပ်တာတော်တော်ပြသတ်နာတတ်နေကြတာ၊AT&T ဖုန်းကုမ္ဘီကပိတ်ထားတဲ့ ဟာကို AT&Tမှာဖွင့်တာတောင် ဒီလောက်ဖြစ်နေကြရင် ရန်ကုန်ကကောင် က AT&T ထုတ်ပြီး ကြပ်သိပ်မပြည့်ချင်တဲ့ မြန်မာဆက်သွယ် ရေး ထဲ့သုံးလိုက်ရင်ဘယ်လောက်များကမောက်ကမတွေဖြစ်နေကြမယ်လဲ? ပြီး ရင် russia တို့တရုတ်ပြည်တို့မှာလို 3G ကို 3Gနဲ့ပြန်ဖျက် သုံးရင် ကောင်းနိုင်ကောင်းလိပ်အုန်းမယ်။ 3G ကို GSMမှာ လာသုံးရင် တာ မရဘူးတော့မဟုတ်ဘူး ဒီဇယ်ကား ကို ဓတ်ဆီထည့်သုံးချင်လို့ အင်ဂျင်ပြောင်းသလိုဖြစ်နေပါအုံးမယ်။ အရင် Iphone က GPRS ဆိုတာ GSM အပေါ်ခံထားတာ ဆိုတော့ တော်တော်ကို အဆင်ပြေဖို့များပါတယ်၊ ဒါပေမဲ့ အခု 3Gနဲ့ က ဘာမှတောင်မဆိုင်ပါဘူး။ ဒီလိုပါဘဲ အရှုး၊အမူး နဲ့ တုဏာရှုး ကအုပ်ချုပ်တော့လဲ ဂေါက်တွေကောင်းစားပြီး ဒေါ်လာ ၂၀၀ တန် ကို ထောင်ချီပေးဝယ်ကြတာပေါ့။

No comments:
Post a Comment